အိန္ဒိယနိုင်ငံ ကျေးလက်ဒေသများတွင် ရုပ်မြင်သံကြားစက် ဝယ်ယူမှုများ မြင့်တက်ခဲ့ခြင်း


အိန္ဒိယရှိ Broadcast Audience Research Council (BARC)၏ စစ်တမ်းအရ TV ပိုင်ဆိုင်မှုနှင့် TV ကြည့်ရှုသူအရေအတွက် ပြီးခဲ့သည့် ၂ နှစ်အတွင်း သိသိသာသာတိုးတက်လာ ခဲ့ကြောင်း၊ အစီရင်ခံစာတွင် TV ပိုင်ဆိုင်သည့်အိမ်ထောင်စုသည် ၇.၅% တိုးတက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စု ၁၈၃ သန်းမှ ၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စု ၁၉၇ သန်းအထိ မြင့်တက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံရှိ TV ပိုင်ဆိုင်သည့်အိမ် တိုးတက်မှုနှုန်းမှာ အိမ်ပိုင်ဆိုင်မှု တိုးတက်မှုနှုန်းထက်ပင် ပိုမိုမြင့်မားကြောင်း၊ စစ်တမ်းအရ ၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၂၈၆ သန်းရှိခဲ့ပြီး ယခုနှစ်တွင် ၂၉၈ သန်းအထိ တိုးပွားလာကာ ၄.၂ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း၊ TV ပိုင်ဆိုင်သည့်အိမ်သည် တစ်ချိန်တည်းတွင် ၇.၅% တိုးတက်ခဲ့ကြောင်း၊ ကျေးလက်ဒေသများတွင် TV ပိုင်ဆိုင်မှု မြင့်မားလာပြီး ၂၀၁၆ ခုနှစ်တွင် TV ပိုင်ဆိုင်သည့် အိမ်ထောင်စုပေါင်း ၉၉ သန်းရှိခဲ့၍ ယင်းအရေအတွက်သည် ယခုအချိန်တွင် ၁၀၉ သန်းအထိ ရှိလာပြီး ၁၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ မက်ခရိုစီးပွားရေးကြောင့် ကျေးလက်စျေးကွက် တွင် TV ရောင်းချရမှုကို တိုးတက်လာစေပြီး ဆင်းရဲသားများအကြား ဝင်ငွေတိုးလာသည်နှင့်အမျှ TV သည် လိုအပ်ချက်တစ်ခုဖြစ်လာပြီး လူတိုင်းဝယ်ယူချင်သောအရာတစ်ခု ဖြစ်လာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မြို့ပြစျေးကွက်သည် ပြီးခဲ့သည် ၂ နှစ်အတွင်း ၄ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း၊ ကျေးလက်တွင် TV ပိုင်ဆိုင်မှုတိုးတက်ခြင်းသည် ကြည့်ရှုသူ ၁၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မြို့ပြတွင် ယေဘုယျအားဖြင့် ကြည့်ရှုသူ ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသသည် များသောအားဖြင့် အခမဲ့ရုပ်သံလိုင်း(Free-to-air)များကိုသာ ကြည့်ရှုကြကြောင်း၊ Broadcast Audience Research Council (BARC)၏ အစီရင်ခံစာအရ ကျေးလက်ဒေသများတွင် high definition (HD) ရုပ်သံလိုင်းများကို ကြည့်ရှုသူများပြားခဲ့ပြီး ပြီးခဲ့သည့် ၂ နှစ်အတွင်း ၃၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အိန္ဒိယတစ်နိုင်ငံလုံးတွင် ယေဘုယျအားဖြင့် high definition (HD) ကြည့်ရှုသူနှုန်းသည် ၂၀ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း သိရှိရပါသည်။


Source : TOI

Comments