နေရ ဉ္စရာမြစ်၊ သုဇာတာအိမ်


နောက်တနေ့ ညနေပိုင်းတွင် မြတ်စွာဘုရား ရွှေခွက်မျှောရာ နေရ ဉ္စရာမြစ် တဖက်ကမ်းသို့ ထွက်ခဲ့ကြသည်။
ဦးစွာ နေရ ဉ္စရာမြစ်ကို ကူးရန် တည်ဆောက်ထားသော တံတားမှ ဖြတ်သန်းရင်းပင် မြစ်ထဲတွင် ရေ လုံးဝ မရှိသည်ကို တွေ့ရ၏။ မိုးတွင်းကာလသာ ရေရှိပြီး ကျန်သည့်ကာလ ရေမရှိကြောင်း သိရသည်။

သုဇာတာ ဃနာနို့ဆွမ်း ကပ်လှူသည့် နေရာသို့ ရောက်လျှင်ပင် တောင်းရမ်းနေသော ကလေးများနှင့် သက်ကြီးရွယ်အိုများ မြင်တွေ့ရသည်။ နေရာပတ်ဝန်းကျင်သည်လည်း သန့်ရှင်းမှု အလွန်နည်းပေ၏။

မြတ်စွာဘုရား ရွှေခွက်ကို နေရ ဉ္စရာမြစ်ထဲ မျှောသည့်နေရာအား လယ်ကွင်းထဲမှ ဖြတ်သန်း၍ လမ်းလျှောက် သွားရလေသည်။
သုဇာတာအိမ်သို့ သွားရာ လမ်းတလျောက်ရှိ နေအိမ်များသည် အလွန်နိမ့်ပါးပြီး သန့်ရှင်းမှု မရှိသည်ကို သတိထားမိ၏။ မွဲတေတေ ကလေးငယ်များကိုလည်း မြင်တွေ့ရပြီး လိုက်လံ တောင်းရမ်းလို့နေကြသည်။
မြက်ရှစ်ဆုပ် အလှူခံသည့်နေရာကို ကြည့်ရှုရာ အထင်ကရ မရှိလှပေ။ မြန်မာပြည်ဆိုလျှင် မြတ်ဗုဒ္ဓနှင့် ပတ်သက်ပြီး လွန်စွာ ကိုးကွယ်ပူဇော်ရာနေရာများ ဖြစ်လိမ့်ပေမည်။
မင်းတုန်းမင်း ကျောက်စာကို ဝင်ကြည့်ရာ အကောင်းတိုင်း ရှိနေသည့်အတွက် ဝမ်းသာရပြန်သည်။ ညပိုင်း မဟာဗောဓိစေတီကို ထပ်မံဖူးမျှော် ဦးခိုက်လေသည်။
ဂယာမြို့လေးသည် ဘုရားဖူးများကြောင့် အလုပ်ဖြစ်နေပေမယ့် လူနေမှုစနစ် နိမ့်ပါးနေဆဲ ဖြစ်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပေသည်။

၂၇-၇-၂၀၁၈

Comments