အိန္ဒိယလူမျိုး ၉၈ ရာခိုင်နှုန်းသည် ဟင်းသီးဟင်းရွက်များ လုံလောက်စွာ မစားသုံးကြကြောင်း စစ်တမ်းများက ဆိုခြင်း



တစ်နိုင်ငံလုံးလေ့လာမှုတစ်ခုအရ အိန္ဒိယနိုင်ငံ၏ အရွယ်ရောက်သူ ၉၈ ရာခိုင်နှုန်းခန့်သည် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ လုံလောက်စွာ မစားသုံးရသဖြင့် မကူးစက်နိုင်သော ရောဂါများအတွက် အန္တရာယ်များစေနိုင်သည့် အမျိုးမျိုးသော လူနေမှုပုံစံစတဲ့ ဆက်နွယ်မှု အလေ့အထများရှိသည်ဟု သုတေသီများက ပြောကြားခဲ့ကြောင်း၊ ဘေးအန္တရာယ်အချက်များကို တိုင်းတာရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုးပမ်းအားထုတ်မှု အဖြစ် ဖော်ပြထားသည့် စစ်တမ်းအရ အသက် ၁၈ နှစ်မှ ၆၉ နှစ်ကြား လူများ၏ ၉၈.၄ ရာခိုင်နှုန်းသည် တစ်နေ့လျှင် အသီးအနှံ (သို့မဟုတ်) ဟင်းသီးဟင်းရွက်များအား အကြံပြုထားသော ၄၀၀ ဂရမ်ထက် စားသုံးမှုနည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် ပျမ်းမျှဆားပမာဏ တစ်နေ့လျှင် ၈ ဂရမ် စားသုံးသည်ကို ဆီးနမူနာများမှတဆင့် ပထမဆုံးသော တိုင်းတာမှုများအရ တွေ့ရှိရပြီး အိန္ဒိယလူမျိုးများသည် ဆားလွန်ကဲစွာ စားသုံးသည်ကို အစောပိုင်းတွေ့ရှိချက်များက သက်သေပြနေကြောင်း၊ လူကြီးများသည် တစ်နေ့လျှင် ၅ ဂရမ်ထက်နည်းသော ဆားကို စားသုံးရန်နှင့် ဆားစားသုံးမှု လျှော့ချခြင်းကို “လူအများ၏ ကျန်းမာရေးရလဒ် တိုးတက်စေရန် နိုင်ငံများအနေဖြင့် ပြုလုပ်နိုင်သည့် ကုန်ကျစရိတ်အသက်သာဆုံးအစီအမံများထဲမှ တစ်ခုဖြစ် သည်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားကြောင်း၊ စစ်တမ်းအရ အမျိုးသား ၅၁ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၃ ရာခိုင်နှုန်းသည် ဆေးလိပ် (သို့မဟုတ်) ဆေးရွက်ကြီးကို သုံးစွဲကြပြီး ၁၀ ရာခိုင်နှုန်းသော အမျိုးသားများသည် အရက်အလွန်အကျွံသောက်ခြင်းနှင့် အရွယ်ရောက်သူ ၄၁ ရာခိုင်နှုန်းသည် လုံလောက်သော ကာယလှုပ်ရှားမှု မရှိကြကြောင်း၊ နှလုံးနှင့်ဆိုင်သောရောဂါများ၊ ဆီးချိုရောဂါ (သို့မဟုတ်) ကင်ဆာကဲ့သို့သော မကူးစက်နိုင်သော ရောဂါများကြောင့် ဖျားနာခြင်းနှင့် အချိန်မတန်မီသေဆုံးနှုန်းသည် အိန္ဒိယတွင် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကျော်နှင့် ၂၀၁၉ ခုနှစ်အတွင်း  ၆.၁ သန်း (၆၅ ရာခိုင်နှုန်းခန့်) ရှိကြောင်း၊ စစ်တမ်းအရ အမျိုးသမီး ၅၇၃၂ အနက် ၉၈.၈ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၇၁၄ တွင် ၉၈ ရာခိုင်နှုန်းသည် ဆရာဝန်အကြံပြုထားသည့် တစ်နေ့လျှင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် ၅ မျိုး အား စားသုံးမှုမရှိကြကြောင်း၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ၏ အရေးပါမှုကို သတိ မပြုမိကြကြောင်း ဆရာဝန်များက မှတ်ချက်ပြုခဲ့ကြပါသည်။

Source:TOI

Comments