ဒေလီသည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းဆုံး မြို့တော်ဖြစ်နေဆဲဟု အစီရင်ခံစာများက ဖော်ပြခဲ့ခြင်း

Delhi still world’s most polluted capital: Report


ဒေလီ၏လေထုအရည်အသွေးသည် ၂၀၁၉ မှ ၂၀၂၀ အတွင်း ခန့်မှန်းခြေအားဖြင့် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့သော်လည်း ဆွစ်လေကြောင်းနည်းပညာကုမ္ပဏီ IQAir မှထုတ်ပြန်သော ကမ္ဘာ့လေထုအရည်အသွေးအစီရင်ခံစာ(၂၀၂၀)အရ ကမ္ဘာပေါ်ရှိ လေထုညစ်ညမ်းမှုအများဆုံး မြို့တော်များ၌ အဆင့် ၁၀ နေရာတွင် ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် စောင့်ကြည့် လေ့လာခဲ့သော အိန္ဒိယမြို့ကြီးအားလုံးသည် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ်တွင် ၆၃ ရာခိုင်နှုန်းအထိ လေထုအရည်အသွေး တိုးတက်မှုရှိခဲ့ကြောင်း၊ သို့သော်လည်း အိန္ဒိယသည် ကမ္ဘာပေါ်တွင် ညစ်ညမ်းဆုံးမြို့ ၃၀ တွင် ၂၂ ဖြင့် ညစ်ညမ်းမှုအများဆုံးမြို့များတွင် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိကြောင်း၊ နှစ်စဉ် ပျမ်းမျှ တစ်ကုဗမီတာလျှင် ၈၄.၁ မိုက်ခရိုဂရမ်တွင် PM2.5 ဒြပ်ပါဝင်မှုရှိသည့် ဒေလီသည် ညစ်ညမ်းမှုအများဆုံးမြို့တော်များ၏စာရင်းတွင် ထိပ်ဆုံးမှ ရှိနေကြောင်း၊ အလားတူပင် ဒါကာ (ဘင်္ဂလားဒေ့ရှ်)သည် နှစ်စဉ်ပျမ်းမျှ ၇၇.၁ မိုက်ခရိုဂရမ်တွင် PM2.5 ဒြပ်ပါဝင်မှုရှိကြောင်း၊ ကမ္ဘာပေါ်ရှိ ညစ်ညမ်းဆုံးမြို့ ၁၅ မြို့အနက် ၁၃ မြို့သည် အိန္ဒိယမြောက်ပိုင်းမှဖြစ်ပြီး ဒုတိယနေရာတွင် Ghaziabad နှင့် ၎င်းနောက် Bulandshahr တို့ဖြစ်ကြကြောင်း၊ မြို့(၉) မြို့သည် National Capital Region တွင်ရှိပြီး (၈)မြို့မှာ Uttar Pradesh တွင်ရှိကြောင်း၊ အစီရင်ခံစာတွင် ၂၀၀၀ ပြည့်နှစ်၌ တရုတ်နိုင်ငံ Hotan မြို့သည် ကမ္ဘာပေါ်တွင် အညစ်ညမ်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း၊ ကမ္ဘာ့မြို့ကြီးများအဆင့်သတ်မှတ် ချက်အစီရင်ခံစာသည်နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ PM2.5 အချက်အလက်များအပေါ် အခြေခံထား ခြင်းဖြစ်ပြီး စောင့်ကြည့်လေ့လာရေးစခန်းများ၊ အများစုကို အစိုးရအေဂျင်စီများက ဆောင်ရွက် ကြကြောင်း၊ IQAir ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Frank Hammes က“၂၀၂၀ တွင် လေထု ညစ်ညမ်းမှု မမျှော်လင့်ဘဲ ကျဆင်းစေခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှာတော့ လူတို့၏ လုပ်ဆောင်မှု များကြောင့် လေထုညစ်ညမ်းမှု တိုးလာသည်ကိုတွေ့ရမည်ဖြစ်ပြီး ယခုအစီရင်ခံစာသည် လေထု ညစ်ညမ်းမှုကိုတိုက်ဖျက်ရန် အရေးတကြီးလုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် ကမ္ဘာ့အကြီးဆုံး သဘာဝပတ်ဝန်းကျင်အခြေအနေ ခြိမ်းခြောက်မှုများကို စောင့်ကြည့်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

source: TOI

Comments