ကုလားအစားအစာမျိုးစုံ



 
နေရင်းထိုင်ရင်းပင် အချိန်ကာလ၏ တိုက်စားမှုကြောင့် ၂ လပင် ပြည့်တော့မည်။ ရောက်ရှိရာ ဒေသ အစားအစာများကလည်း စိတ်ဝင်စားစရာ အလွန်ကောင်း၏။

လက်ဘက်ရည် အရသာက လျှာပေါ် ရှတတဖြင့် အချိုပုံမှန်အနေကို ခံစားမိသည်။ တခါသုံး မြေခွက်ကလေးတွေကို အသုံးပြုကြလေသည်။ ဆိုင်တွင် ဘီစကွတ်မုန့်များကို ပုလင်းထဲ ထည့်ပြီး ရောင်းပြီး စျေးနှုန်းလဲ အလွန်ချိုလေသည်။

အလားတူ Chicken Mo Mo မုန့်ဆိုင်သို့ ဝင်မြည်းစမ်းကြည့်ရာ အသားဖက်ထုတ် သဖွယ် စားလို့ ကောင်းလေ၏။ သောက်စရာ soup ပါ ပေး၍ ပို၍ အဆင်ပြေစွာ စားသောက်နိုင်လေသည်။
စမူဆာသည် မြန်မာထက် အရသာ ပိုစားကောင်း၏။ အတွင်းအစာပလာကို ကြေညက်အောင် ပြုလုပ်ထားပြီး အဆီနည်းသဖြင့် အရသာ စိမ့်နေသည်။

ဒိုဆာ ခေါ် တိုရှည်သည်လည်း မြန်မာနှင့်မတူသော အရသာကို ရရှိ၏။ အာလူးကြက်သွန်များ ထည့်ထားသော တိုရှည်ကို ပဲဟင်းနှင့် တို့စားရသည်။

ဒံပေါက်သည် အဆီနည်းပြီး ကြက်ဥပြုတ်နှင့် အာလူး ပါလေသည်။ စားပြီး သွေးတက်မှု မရှိပေ။ မြန်မာပြည် ဒံပေါက်က အရသာ ပိုကောင်းသလို ရောဂါလဲ ဖြစ်နိုင်လေ၏။

မုန့်တိုင်း ဟင်းတိုင်း အာလူးပါ၏။ အာလူးအလွန်ပေါပြီး အလွန်စားသော နိုင်ငံဖြစ်သည်ဟု ကောက်ချက်ချမိသည်။

၂၉-၈-၂၀၁၈









Comments